လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့်
အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ဖျော်ဖြေ တင်ဆက်မှုမှာ ဖျော်ဖြေသူ ဦးရေ သုံးထောင်ကျော်
ပါဝင်ကပြ တင်ဆက် သွားမှာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ
တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကပြဖျော်ဖြေရာမှာ သီဆိုမှု၊
ကပြမှုများနဲ့ တင်ဆက် သွားမှာဖြစ်ပြီး ကပြမှု မှာတော့ မြန်မာနိုင်ငံဟာ
တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်ခဲ့တဲ့ နိုင်ငံ၊ ခိုင်မြဲတဲ့
နိုင်ငံ၊ နိုင်ငံထဲမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေထိုင်တဲ့
နိုင်ငံဖြစ်ကြောင်း အစရှိတာတွေနဲ့ ပတ်သက်တဲ့ သရုပ်ဖော် မှုတွေနဲ့တင်ဆက်
သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေ တင်ဆက်မှုများ၊ အရှေ့တောင် အာရှ နိုင်ငံများနဲ့ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့တဲ့ အစဉ်အလာကို ဖော်ကျူးတဲ့ သရုပ်ဖော် ကပြမှုတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အခုလို ကပြ တင်ဆက်ဖို့ အတွက် အဆင့်မြင့် ပညာဦးစီး ဌာနအောက်ရှိ ကျောင်းသူများ၊ နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူများ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အနုပညာရှင် ၀န်ထမ်းများနဲ့ အနုပညာ ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ အစရှိသူတွေက ဖျော်ဖြေ တင်ဆက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ
အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲရဲ့ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားကို
နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ အားကစားရုံမှာ ပြုလုပ်သွား မှာဖြစ်ပြီး
ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့
တို့မှာရှိတဲ့ အားကစား ရုံများမှာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment