Thursday, July 26, 2012

ပွင့်လင်းမြင်သာမှုအတွက် အီးအိုင်တီအိုင်တွင် မြန်မာပါဝင်မည်

ဂျူးလိယက်နှင့် ဗစ်တိုးရီးယားဘရုစ်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

EITI International SecretariatMr JonasMobergEITI နှင့်ပတ်သက်၍ရှင်းလင်းပြောကြားနေစဉ်။
ဓာတ်ပုံ - ဘူးသီး
        မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ထုတ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံမှရရှိ သည့်ဝင်ငွေအား ပွင့်လင်းမြင်သာစွာ ပြည်သူများကို ထုတ်ပြနိုင်စေရန် ခြေလှမ်းတစ်ရပ်အနေဖြင့် Extractive Industries Transparency Initiative (EITI) ကိုယ်စားလှယ်များနှင့် မြန်မာ နိုင်ငံမှ အကြီးအကဲများတွေ့ ဆုံဆွေးနွေး ခြင်းသည် မျှော်မှန်းထားသည်ထက်သာလွန် ကောင်းမွန်ကြောင်း EITI Interna-tional Secretariat ၏ အကြီး အကဲ Mr Jonas Moberg က ပြောသည်။
   EITI အဖွဲ့သည် ဇူလိုင်လ ၁၆ နှင့် ၁၇ ရက်နေ့များက စက်မှုဝန်ကြီး ဦးစိုးသိန်း နှင့်အတူ ပြည်ထောင်စုဝန်ကြီးရှစ်ဦး တို့နှင့်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်အပါ အ၀င် ပြည်တွင်းရှိ လူမှုအဖွဲ့ အစည်း ၁၀ ဖွဲ့ခန့်တို့နှင့်လည်း တွေ့ဆုံခဲ့ ကြောင်း ၎င်းက ပြောသည်။
               မြန်မာဘက်မှ EITI စည်းမျဉ်းများ တွင် ပါဝင်လိုက်နာခဲ့လျှင် နိုင်ငံ တော်မှ သဘာဝသယံဇာတ အတွက်ရရှိသည့် ၀င်ငွေများအား EITI အစီရင်ခံစာဖြင့် ပြည်သူများအား အသိပေးနိုင်မည်ဖြစ်ပြီး အခွန် အခများ၊ နိုင်ငံတော်သို့ ပေးရ သည့် မူပိုင်အခကြေး ငွေများအား EITI မှ လွတ်လပ်စွာဖော်ပြသွားမည်ဖြစ် သဖြင့် ပြည်သူများမှ နိုင်ငံတော်စာရင်း များအား သိရှိလာနိုင်မည်ဖြစ်ပြီး သဘာဝ အရင်းအမြစ်နှင့် ၀င်ငွေမှ စီမံခန့်ခွဲမှုများ တွင်ပါဝင်လာနိုင်မည် ဖြစ်သည်။
          မြန်မာနိုင်ငံဘက်မှ EITI တွင် လုံးလုံး လျားလျားပါဝင်လျှင် မြန်မာအစိုးရဘက် မှ စွမ်းအင်၊ သို့မဟုတ် သတ္တုကဏ္ဍကဲ့သို့ သော သဘာဝသယံဇာတနှင့် သက်ဆိုင် သည့် ကဏ္ဍတို့ တွင် နိုင်ငံတော်ဘက်မှ ရရှိသော ငွေများအား ဖော်ပြရမည် ဖြစ်သကဲ့သို့ ရင်းနှီး လုပ်ကိုင်ကြသည့် ကုမ္ပဏီ များ ဘက်မှလည်း ၎င်းတို့ပေး ဆောင်ရသည့် ငွေကြေးပမာဏကို ဖော်ပြရမည် ဖြစ်သည်။
      မြန်မာနိုင်ငံမှာ လက်ရှိတွင် EITI သို့ ပါဝင်ရန် ပြင်ဆင်ဆဲအချိန်ကာလ အဆင့်တွင် ပင်ရှိပြီး ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းက အစိုးရ၏ EITI တွင် ပါဝင်ရန် စိတ်အားထက်သန်မှုကို လည်း တွေ့မြင်ခဲ့ကြောင်း Mr Moberg က ပြောသည်။
         "သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး နဲ့ပါ ပူးပေါင်းပြီး ကောင်းမွန်တဲ့လုပ်ငန်း တစ်ခုဖြစ်စေချင်တဲ့ ဆန္ဒကိုလည်း ဖော်ပြ ခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
      စွမ်းအင်ကဲ့သို့ သဘာဝသယံဇာတ အရင်းအမြစ်ဆိုင်ရာ ကဏ္ဍတစ်ရပ်အား EITI ထဲတွင် ထည့်သွင်းဖော်ပြလျှင် ယင်း ကဏ္ဍထဲတွင် ပါဝင်လုပ်ဆောင်နေသည့် ကုမ္ပဏီအားလုံး EITI တွင် ပါဝင်ရမည် ဖြစ်သည်။ သို့သော်လည်း သက်ဆိုင်ရာ အစိုးရမှ သဘောတူ ပါဝင်ပြီးဖြစ်သော ကြောင့် ယင်းလုပ်ရပ်သည် အခက်အခဲ တစ်ခုမဟုတ်ကြောင်း ၎င်းကပြော သည်။
   "EITI ဟာ သက်ဆိုင်ရာကဏ္ဍမှာ အစိုးရရဲ့ စီမံခန့်ခွဲမှု ဘယ်လိုရှိလဲဆိုတာ ကို ကောင်းကောင်းစောင့်ကြည့်ကိုင် တွယ်နိုင်ဖို့အတွက် ကိရိယာတစ်ခုဖြစ် တယ်" ဟု ၎င်းက ပြောသည်။
၎င်းက ပွင့်လင်းမြင်သာမှုသည် နောက်ဆုံးအဖြေတစ်ခု မဟုတ်သော် လည်း ပိုတိုးတက်သည့် ပူးပေါင်းပါဝင်မှု၊ လာဘ်စားမှုအား တိုက်ထုတ်မှု၊ ထုတ်ယူ သုံးစွဲနိုင်တဲ့ စက်မှုလုပ်ငန်းများမည်သို့ မည်ပုံ စီမံခန့်ခွဲထားသည်ကို ပြည်သူများ အကြားတွင် ယုံကြည်မှု တည်ဆောက်ခြင်းတစ် မျိုးဖြစ်ကြောင်း ပြော သည်။
     လက်ရှိတွင် အင်ဒိုနီးရှား၊ အရှေ့ တီမော၊ မွန်ဂိုလီးယားအပါအ၀င်နိုင်ငံ ၃၆ နိုင်ငံမှ EITI စံသတ်မှတ်ချက်အား အကောင်အထည် ဖော်လျက် ရှိသည်။
     လူမှုအဖွဲ့အစည်းများဘက်မှလည်း တိုက်ရိုက်အပြင် ကမ္ဘာတစ်ဝန်းရှိ လူမှု ရေးအဖွဲ့အစည်း ၃၀၀ ကျော်မှ ပံ့ပိုးထားသည့် 'သင်ပေးရ တာကိုဖော်ပြ' စည်းရုံး ရေးလုပ်ငန်းများဖြင့် ပါဝင်နိုင်သည်။
  စင်ကာပူနိုင်ငံရှိ Geotecminex Consultants ၏ဘူမိဗေဒအကြံပေး အဖြစ်တာဝန် ယူထာသည့် ဒေါက်တာ ၀င်းနိုင်က EITI ဖြင့် တိုင်းပြည်၏ ထုတ်ယူ သုံးစွဲနိုင်သည့်ကဏ္ဍများတွင် ပိုမိုပွင့်လင်း မြင်သာမှုရှိစေရန် အစိုးရ၏ကြိုးပမ်း မှုများသည် သမ္မတကြီး၏ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများတွင် အရေးပါသည့် အချက်တစ်ခု ဖြစ်ကြောင်းပြောသည်။
        ၎င်းက EITI တွင်ပါဝင်ခြင်းသည် ပြည်သူများ၏အစိုးရအပေါ် ယုံကြည် မှုကို တိုးလာမည်ဖြစ်ပြီး သဘာဝသယံဇာတထုတ်ယူခြင်းဖြင့်တိုင်းပြည်အတွက်ပိုမို အကျိုးဖြစ်ထွန်း လာစေ နိုင်ကြောင်း ပြောသည်။
        အမေရိကန်သမ္မတက မြန်မာနိုင်ငံ တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့အပါ အ၀င် အခြားကဏ္ဍ များတွင် အမေရိကန် စီးပွားရေးလုပ်ငန်း များ ရင်းနှီးမြှုပ်နှံခွင့် ပြုကြောင်း ကြေညာချက်ထုတ်ပြန်ပြီး မကြာမီတွင် အမေရိကန်မှ အဆင့်မြင့် အရာရှိများနှင့် ကုမ္ပဏီပေါင်း ၃၈ ခုမှ အရာရှိများ မြန်မာနိုင်ငံသို့ လာရောက် ခဲ့ကြသည်။
      "ရေနံကုမ္ပဏီတွေဖြစ်တဲ့ Chevron, ConocoPhillips, ExxonMobil တို့ ဟာ မြန်မာခရီးစဉ် မှာပါဝင်ခဲ့ပြီး Dell, FedEx, Google, Procter & Gamble, Time Warner လို တခြားကဏ္ဍမှာရှိ တဲ့ ကုမ္ပဏီတွေလည်း ပါဝင်ခဲ့တယ်။ သူတို့တွေအားလုံးဟာ EITI နဲ့ ပတ်သက် ပြီး နားလည်ထားပြီးဖြစ်တယ်" ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။
    Mr Moberg က ပွင့်လင်းမြင်သာမှု အတွက်ဆက်လက် အလုပ်လုပ်သွားရ မည်ဖြစ်ပြီး စာရင်းအမှားများနည်းနိုင် သမျှနည်းအောင် ပြည်သူသို့ချပြနိုင်ရန် ကြိုးစားသွားရမည်ကြောင်း ပြော သည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ရှိ မြန်မာ့ကုန်းတွင်းရေနံလုပ်ကွက် PSC I အား ပြည်ပကုမ္ပဏီဖြစ်သော Jubilant Energy နှင့် တွဲလုပ်ကိုင်နေသည့် ပြည်တွင်းကုမ္ပဏီတစ်ခုသော Parami Energy Development Co., Ltd ၏ တာဝန်ရှိသူကလည်း EITI ၏ ဥပဒေ များအား စိတ်ဝင်စားကြောင်း၊ ယင်းကိုယ် စားလှယ်များ လာရောက်ခြင်းအား ကြိုဆိုကြောင်းနှင့် EITI အားကျင့်သုံးရာ တွင် ၀န်ကြီးဌာနများကပါ ဦးဆောင်ရန် လိုအပ်ကြောင်း ပြောသည်။
     "EITI ဥပဒေတွေကို ကျင့်သုံးပြီး ဦးတည်ချက်တွေကို လိုက်နာခြင်းအား ဖြင့် တိုင်းပြည်ဟာ ပိုမိုပွင့်လင်းမြင်သာ ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ပုံစနစ်ကြောင့် အကျိုးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါမှ လည်း ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွား ပါလိမ့်မယ်။ ဒါ့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေ အတွက် လည်း ပိုမိုရင်းနှီးမြှုပ်နှံလို့ကောင်းမယ့် အခြေအနေကို ဖြစ်စေမှာပါ"ဟု တာဝန် ရှိသူ က ပြော သည်။
www.myanmar.mmtimes.com/2012/business/579/

No comments:

Post a Comment