Tuesday, August 7, 2012

ဗိုင်းရပ်စ် ( Virus) ကာကွယ်ခြင်း အစီအမံ

From-  မြန်မာကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့



ဗိုင်းရပ်စ် ကာကွယ်ခြင်းအစီအမံ ၇ ချက်။

ဗိုင်းရပ်စ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို နောက်ဆုံး (latest version) အသုံးပြုသင့်ပါသည်။
အီးမေးလ်နှင့် တွဲဆက်နေသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးပါ။
ဒေါင်းလုတ် လုပ်ထားသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးသင့်ပါသည်။
ကွန်ပျူတာညွှန်ကြားချက်စနစ်များသည် လုံခြုံမှုစနစ်ကို အသုံးပြုသင့်ပါသည်။
Security Patch ကို အသုံးပြုသင့်ပါသည်။
ဗိုင်းရပ်စ်ကူးစက်ခြင်းလက္ခဏာများကို လျစ်လျူမရှု့ သင့်ပါ။
အရေးကြီးသော အချက်အလက်များကို မဖြစ်မနေ backup ပြုလုပ်ပါ။

(၁၀.၈.၂၀၁၂) သောကြာနေ့ Cyber Attack to Myanmar

မွတ်စလင် ဟက်ကာများမှ မြန်မာနိုင်ငံအားCyber Attack ပြုလုပ်မည့်အစီအစဉ်ကို ၁၀.၈.၂၀၁၂ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်း

မြန်မာနိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီ များကို ထောက်ခံသည့် မွတ်စလင် ဟက်ကာများ စုပေါင်းကာမြန်မာနိုင်ငံအား Cyber Attack ပြုလုပ်ရန် Operation Myanmar Hacker Group ဖွဲ့စည်းခဲ့ကြောင်း၊ ဒီလိုတိုက်ခိုက်ရန်အတွက် Hacker ၄၀၀၀ ကျော်ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ရာ မွတ်စလင်  Hacker ၁၀၀၀ ကျော်က   ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။။ တိုက်ခိုက်မှု့ကို  တနင်္လာနေ့  (၆.၈.၂၀၁၂) ရက်နေ့တွင် စတင်တိုက်ခိုက် ရန် ပြင်ဆင်ထားသော်လည်း  ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် (၁၀.၈.၂၀၁၂)  သောကြာနေ့ သို့  ပြောင်းရွှေ့သတ်မှတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းသိရသည်။  တာဝန်ရှိသူတွေ အနေဖြင့် မပေါ့ဆကြရန် နှင့်  မိမိတို့၏ ၀ဘ်ဆိုက်များအား စောင့်ကြည့် ကာကွယ်သွားရန် လိုအပ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန website အဟတ်ခံရ



မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် Website ဖြစ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ Website ကို သြဂုတ်လ ၇ ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် အသုံးပြုသူ များက ဆိုသည်။

ကျွန်တော် နေ့လည်ပိုင်းလောက် ဝင်ကြည့်တာ မရတော့ဘူး။ အဲ့ဒီဆိုက်ကို ခေါ်လိုက်ရင် အမဲရောင် နောက်ခံ စာမျက်နှာနဲ့ အခုလက်ရှိ ဖြစ်နေတဲ့ ပြဿနာ အကြောင်းနဲ့ ပတ်သက်တာကို ရေးထားတယ်ဟု အင်တာနက် အသုံးပြုသူ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

ဘယ်သူတွေဘာဘဲပြောပြော သူတု.ိပြုံးပြီးကြည်.နေကြတယ်ဆိုတာ မမေ.နဲ.

( ကြိုက်လွန်းလို့ mmexpress  က ပြန်ကူးယူဖော်ပြပေးလိုက်ပါတယ်..)
သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာကြသူအသီးသီးဟာ အကျဉ်းကျစဉ်က မတွေ့ရသူ မိဘဆွေမျိုးတွေ ၊ လုပ်ဖေါ်ကိုင်ဘက်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ကြဆုံကြ ၊ ပြောကြဆိုကြနဲ့ မြင်ရ တဲ့ မြင်ကွင်းတွေဟာ ကြည်နူးစရာပါဘဲ ၊ဒီလို တွေ့ကြဆုံကြ ပြောကြဆိုကြရာမှာ အဓိက အကြောင်းအရာ ကတော့ ထောင်ထဲမှာ သူတို့နေခဲ့ရတဲ့အခြေအနေတွေ ၊ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ကို မေးကြမြန်းကြ ပြောကြဆိုကြတာပါဘဲ ၊ ပြောရဆိုရမှာပေါ့လေ... ထောင်ဆိုတာ ပျော်စရာကောင်းတဲ့ အရပ်မှမဟုတ်တာကိုး ... ၊ အပြင်မှာနေတဲ့ သူတွေကလည်း သူတို့မရောက်ဘူတဲ့ထောင်ဆိုတာကြီးဟာ ဘယ်လိုပါလိမ့်ဆိုပြီး သိချင်ကြ ရှာမှာ သဘာဝပါဘဲ ...။

ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက် ဟက်ခံရမှု ပြန်လည် ရရှိ



ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/၀က်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍၀င်ရောက်ကြည့်ရှုမရခဲ့ရာ ယခု ပြန်လည်ရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Thursday, July 26, 2012

ဒစ်ဂျစ်တယ်မီတာပြောင်းလဲတပ်ဆင်ရေးစီမံချက်ကို စတင်

         ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသုံးပြုလျက်ရှိ သည့် ဒစ်ဂျစ်တယ်လျှပ်စစ်မီတာစနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုရေး အတွက် စတင်သည့် အနေဖြင့် ဇူလိုင်လ ၁၅ ရက် နေ့တွင် နေပြည်တော် လယ်ဝေးမြို့၌ စတင်အသုံးပြု ပြီဖြစ်သည်။
            ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်း စီမံကိန်း၌ တစ်နှစ်လျှင် အလုံးရေ တစ်သိန်းခန့် သုံး စွဲနိုင် ရန် မျှော်မှန်းထားကြောင်း သိရ သည်။ နိုင်ငံတော်ဘဏ္ဍာ ငွေပေါ်မူတည်ပြီး ကျန်ရှိနှစ်များတွင် အလုံးရေ တိုးချဲ့တပ်ဆင်မည်ဖြစ်သည်။

ပွင့်လင်းမြင်သာမှုအတွက် အီးအိုင်တီအိုင်တွင် မြန်မာပါဝင်မည်

ဂျူးလိယက်နှင့် ဗစ်တိုးရီးယားဘရုစ်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

EITI International SecretariatMr JonasMobergEITI နှင့်ပတ်သက်၍ရှင်းလင်းပြောကြားနေစဉ်။
ဓာတ်ပုံ - ဘူးသီး
        မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ထုတ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံမှရရှိ သည့်ဝင်ငွေအား ပွင့်လင်းမြင်သာစွာ ပြည်သူများကို ထုတ်ပြနိုင်စေရန် ခြေလှမ်းတစ်ရပ်အနေဖြင့် Extractive Industries Transparency Initiative (EITI) ကိုယ်စားလှယ်များနှင့် မြန်မာ နိုင်ငံမှ အကြီးအကဲများတွေ့ ဆုံဆွေးနွေး ခြင်းသည် မျှော်မှန်းထားသည်ထက်သာလွန် ကောင်းမွန်ကြောင်း EITI Interna-tional Secretariat ၏ အကြီး အကဲ Mr Jonas Moberg က ပြောသည်။

www.planet.com.mm တိုက်ခိုက်ခံရ


မြန်မာနိုင်ငံ၏ အင်တာနက်စာမျက်နှာ Webpage လောကတွင် အသုံးဝင်သော တစ်ခုဖြစ်သည့် www.planet.com.mm အား ယမန်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် အမည်မသိ Hacker တစ်စုမှ တိုက်ခိုက် ခဲ့ပါသည်။

 ည ၁၁ နာရီကနေ မနက် ၈ နာရီအထိ တိုက်ခိုက်ခံရတာပါ။ အခုတော့ ပြန်ဖွင့်လို့ ရနေပြီ ဖြစ်ပါတယ်။

တိုက်ခိုက်ပုံမှာ www.planet.com.mm စာမျက်နှာအား ဖွင့်လှစ်မရတော့ဘဲ ၄င်းတို့ဖော်ပြလိုသော HACKED BY AKINCILAR ဟူ၍ ပုံတစ်ပုံတွင် ၄င်းတို့ ကြွေးကြော်စာများနှင့်အတူ ပေါ်နေပြီး KUDUSGUNU.MP3 သီချင်းတစ်ပုဒ်အား MP3 ဖိုင်ဖြင့် Download ပေးထားပါသည်။

Wednesday, July 25, 2012

Blog တွင် Address Bar ပြေးနေအောင် ပြုလုပ်ခြင်း(Ko Pyae Phyo)

ကျွန်တော် Blogspot နဲ့ပတ်သတ်တာလေးတွေရေးချင်နေတာကြာပြီဗျာ။ ဒါပေမယ့် မရေးဖြစ်သေးဘူးဖြစ်နေတယ်။ အခုတော့ ကျွန်တော့်ရဲ့ ဆရာလည်းဖြစ် အကိုကြီးလည်းဖြစ်တယ်။ ကိုအေးလွင်ကြီး မေးမှဘဲစရေးဖြစ်တယ်ဗျာ။ နောက်ပိုင်းလည်းသိသလောက်လေးတွေကိုရေးသွားမှာပါ။                      
ကျွန်တော်အခု မျှဝေပေးချင်တာလေးကတော့  Address Bar လေးက ရပ်မနေဘဲသွားနေအောင်ပြုလုပ်
နည်းလေးဘဲဖြစ်ပါတယ်။မိမိရဲ့ Blog မှာ Address Bar လေးရှိပါတယ်။ အဲဒီကောင်လေး
က ပုံမှန်အတိုင်းကတော့ ငြိမ်နေပါတယ်။ ကိုယ်ပိုင် Blog ကိုသူများတွေနဲ့မတူဘဲ ထွင်ချင်သူများအတွက်
တော့ရှယ်ပါဘဲ။ လုပ်ရတဲ့နည်းလမ်းလေးကလည်းလွယ်ပါတယ်။ အောက်ကအတိုင်းလိုက်လုပ်ကြည့်
ပါနော်။

Blog တွင် နောက်ဆုံး ပိုစ့်များအား Slide Show ပြုလုပ်ခြင်း( By Ko Pyae Phyo)



    ကျွန်တော်ဒီတစ်ခေါက်တော့ Blog နဲ့ဆိုင်တဲ့ HTML Code လေးကို မျှဝေပေး မှာဖြစ်ပါတယ်။ဘာလေးလည်းဆိုတော့ မိမိရဲ့ Blog မှာ နောက်ဆုံးတင်ခဲ့တဲ့ Post တွေကို Slide Show ပုံစံလေးနဲ့ ပြပေးမယ့် Code လေးဘဲဖြစ်ပါတယ်။ ထည့်သွင်းပုံအဆင့်ဆင့်ကို လည်း အောက်မှာသေချာ စွာရေးပေးထားပါတယ်။

Blog မှာ Page Navigation ကို ထည့်သွင်းနည်း(By K၀ Pyae Phyo)

 

                        မိမိရဲ့ Blog မှာ Page Navigation ထည့်သွင်းနည်းလေးကို ကျွန်တော်မျှဝေပေးလိုက်
ပါတယ်ဗျာ။ အောက်မှာလည်း သူနဲ့ပတ်သက်တဲ့Code လေးတွေကိုပေးထားပါတယ်ဗျာ။ ကျွန်တော်ပြထား
တဲ့ပုံစံအတိုင်းလိုက်လုပ်ကြည့်ပါနော်။

အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦးဝင်းမြင့် အဆို ဆွေးနွေးဖို့  ပြည်သူ့လွှတ်တော် သဘောတူ

ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Cleance Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် များ၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့ ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူပါသည်။
 ပြည်သူ့လွှတ်တော်

Tuesday, July 24, 2012

မြန်မာ Mp3 , သီချင်းများ ရှာဖွေရန်

www.myanmarmp3.net
ဖလက်ရှ် ဘမ်း
www.innwa.com
www.ayinepan.com
ပန်းစကား

Internet မှ အလုပ်လျှောက်ထားရန်

http://www.myanmar-workers.com/
http://www.asianjobbus.com/
http://www.ngoinmyanmar.org/
http://www.myanmarhotjobs.com/
http://www.searchnut.com/

နည်းပညာ Website များ

ဇော်ဂျီ
သံလုံငယ်
Bloggershelpdesk
mmwordpress
Knowledge is Free
မောင်လူအေး
ကျော်စိုး၏နည်းပညာရပ်ဝန်း
မောင်လှ

ကျန်းမာရေးဆိုဒ်များ


www.mentalhelp.net
www.healthy.net

ဘောလုံးဝါသနာရှင်များအတွက်

www.livescore.com
www.asianbookie.com
www.fifa.com
www.uefa.com

English Learning Center

www.voaspecialenglish.com
www.englishclub.com
www.webenglishteacher.com
www.learnenglish.org.uk

Web Learning Websites

www.w3schools.com
www.w3.org
www.webmonkey.com

စာပေ Website များ

အာဟာရစာစောင်
မိုးသောက်ကြယ် စာကြည့်တိုက် (ဂျပန်)
သံလွင်အိပ်မက်
သံလွင်အိပ်မက်
မြန်မာ စာအုပ်တွေ တော်တော်များများ မြန်မြန်ဆန်ဆန် ဒေါင်းလို့ရတဲ့နေရာလေးပါ...
www.templateen.com

ဘာသာရေး Website များ

အဖြူရောင်မေတ္တာ
မြတ်ဗုဒ္ဓ၏ အဆုံးအမများ
ထေရ၀ါဒ ဗုဒ္ဓ သာသနာ ပြန့်ပွားရေး
ဓမ္မဒါန
နိဗ္ဗာန

သတင်း Website များ

ဧရာဝတီ အင်တာနက်မဂ္ဂဇင်း (မြန်မာ)
မဇ္ဈိမ (မြန်မာ)
ခေတ်ပြိုင်
ဟစ်တိုင် အွန်လိုင်းမဂ္ဂဇင်း
ရိုးမ ၃
သျှမ်းသံတော်ဆင့်
လူထုအသံ
ယနေ့မြန်မာ

မြန်မာ ဘလော့ဂ် များ

မောင်ဦး-မသန္တာ
⇒ ဟင်းလင်းပြင်
⇒ ကဒေါင်းညင်သာ
⇒ ဓမ္မနဲ့အဓမ္မ
⇒ မိုးသီးဇွန်
⇒ ဒေါက်တာ လွဏ်းဆွေ
⇒ ကိုဖိုးဇေ
⇒ ခြားနားသူ
⇒ ခန့်ပွား

Friday, July 20, 2012

မြန်မာ-အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံမှုတွင် Google နှင့် Coca Cola အပါအဝင် ကုမ္ပဏီ ၃၀ ကျော် ဆွေးနွေးခဲ့

အမေရိကန်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကန့်သတ် ချက်တွေ ကို ဖြေလျှော့ ပေးပြီးနောက် အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တွေဟာလာရောက် ရင်းနှီးမြှုပ်နှံဖို့ အတွက် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံမှုတွေ စတင်ပြုလုပ် ခဲ့ပါတယ်။ ဒီလို တွေ့ဆုံ ရာမှာ Google, Coca Cola စတဲ့ ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၃၀ ကျော်က လာရောက် တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လာရောက်တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲ တစ်ခုကို ဇူလိုင်လ ၁၆ ရက်နေ့က Sedona ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

လွှတ်တော်ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်၊ ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်

ယခုလ ၄ ရက်နေ့က စတင်ကျင်းပသော လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်ပုံများကို SKY Net ၏ လွှတ်တော်ရုပ်သံလိုင်းမှ စမ်းသပ်ထုတ်လွှင့်လျက်ရှိပြီး လွှတ်တော်ဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်သော ပြည်သူ့ လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်ထားကြောင်း သိရသည်။ ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို SKY Net ရုပ်သံလိုင်း၏ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel) အမည်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ စမ်းသပ် ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း SKY Net ရုပ်သံလိုင်းများ ကြေညာခဲ့သည်။

အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ လျှော့ချမှု ပို့ကုန်လုပ်ငန်းများအတွက် အခွင့်အလမ်းမသာသေး

အမေရိကန်အစိုးရက စီးပွားရေးကန့်သတ်ချက်များ စတင်ဖြေလျှော့လာသော်လည်း တစ်ဖက်သတ်အနေ အထား ဖြစ်နေပြီး ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းများအတွက် အခွင့်အလမ်း မရနိုင်သေးကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားက နှစ်ပေါင်း ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဇူလိုင် ၁၁ ရက်က တရားဝင်ခွင့်ပြုခဲ့သည်။ ခွင့်ပြုသည့် လုပ်ငန်းများမှာ ရင်းနှီး မြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများသာ ဖြစ်သည်။

“နှစ်ဦးနှစ်ဖက် မျှမျှတတ လုပ်နိုင်ရင် ကောင်းတာပေါ့။ သူတို့ကလည်း ဒီမှာလာရင်းနှီး၊ ဒီကထုတ်ကုန်တွေ လည်း သူတို့ဆီ ပို့တာကို လက်ခံဖို့ ခွင့်ပြုပေးသင့်တယ်”ဟု မက်စ်မြန်မာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲ ဖျော်ဖြေမှုတွင် လူဦးရေ သုံးထောင်ကျော် ပါဝင် တင်ဆက် သွားရန်ရှိ

လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ဖျော်ဖြေ တင်ဆက်မှုမှာ ဖျော်ဖြေသူ ဦးရေ သုံးထောင်ကျော် ပါဝင်ကပြ တင်ဆက် သွားမှာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကပြဖျော်ဖြေရာမှာ သီဆိုမှု၊ ကပြမှုများနဲ့ တင်ဆက် သွားမှာဖြစ်ပြီး ကပြမှု မှာတော့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်ခဲ့တဲ့ နိုင်ငံ၊ ခိုင်မြဲတဲ့ နိုင်ငံ၊ နိုင်ငံထဲမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေထိုင်တဲ့ နိုင်ငံဖြစ်ကြောင်း အစရှိတာတွေနဲ့ ပတ်သက်တဲ့ သရုပ်ဖော် မှုတွေနဲ့တင်ဆက် သွားမှာ ဖြစ်ပါတယ်။

ဟက်ကာများကြောင့် အင်တာနက်လုံခြုံရေး တိုးမြှင့်သင့်ကြောင်း သုံးသပ်မှုများရှိ

From : ခေတ်လူငယ်ဦးတည်ရာမဲ့ တိုက်ခိုက်လျက်ရှိသည့် ပြည်တွင်းပြည်ပရှိ ဟက်ကာအချို့ကြောင့် အင်တာနက် အသုံးပြု သူများ၊ ဝက်ဘ်ဆိုက်တည်ထောင်သူများ၊ ဌာနဆိုင်ရာများ အနေဖြင့် အင်တာနက် လုံခြုံရေးဆိုင်ရာ ကာကွယ်မှုများကို ပိုမိုတိုးမြှင့်သင့်ပြီဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် နည်းပညာ အသိုင်းအဝိုင်းမှ ပညာရှင်များက သုံးသပ်ပြောကြားသည်။ “အခြေအနေက ပြည်တွင်းမှာ စိုးရိမ်စရာ အကောင်းဆုံးအချိန်လို့ ပြောလို့ရတယ်။ တိုက်ခိုက်တဲ့သူတွေက သူတို့ Internet User ကို တိုက်ခိုက်ချင် တာလား၊ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို တိုက်ချင်တာလား မသိဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘဲ လုပ်တာတွေ တွေ့ရတယ်။ အဆိုးဆုံးက User နဲ့ Admin တွေပဲ။ တော်တော်များများ ကိုယ့်အီးမေးလ်၊ ကိုယ့်ဝက်ဘ်ဆိုက်မှာ အခြေခံကာကွယ်မှုတွေ ရှိသင့်တယ်ဆိုတဲ့ Awareness တောင် မရှိကြဘူး” ဟု လက်ရှိ တိုက်ခိုက်နေမှုများ အပေါ် နိုင်ငံတကာအသိအမှတ်ပြု MST သင်တန်းကျောင်းမှ ပညာရှင် တစ်ဦးက ပြောသည်။

အခြေခံ လုပ်ခလစာ တွက်ချက်ရန် အတွက် UMFCCI ထံမှ သဘောထား မှတ်ချက်ရယူ

ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ တွေမှာ လုပ်ကိုင် နေကြတဲ့ လုပ်သားတွေ အတွက် ထိုက်သင့်တဲ့ အခြေခံ လုပ်ခလစာ ညှိနှိုင်းပေးနိုင်ဖို့ တွက်ချက်မှုနဲ့ ပတ်သက်ပြီး UMFCCI ထံမှ သဘောထား မှတ်ချက် ရယူ ထားတယ်လို့ အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရပါတယ်။ အခုလို အခြေခံ လုပ်အားခကို သတ်မှတ် ပေးဖို့ အတွက် လုပ်ငန်း အမျိုးအစား အလိုက် နေရာ ဒေသ အလိုက် နှုန်းထားတွေ မတူညီဘဲ ကွာခြား နိုင်တာ ဖြစ်ပါတယ်။ UMFCCI မှ တာဝန်ရှိ သူတစ်ဦး ရဲ့ ပြောကြားချက် အရ လက်ရှိမှာ အခြေခံ လုပ်ခလစာ တိုးမြှင့်မှုဟာ ခေတ္တ ဖြေရှင်း မှုသာ ဖြစ်နိုင် တယ်လို့ ပြောကြားခဲ့ ပါတယ်။

လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများ သမ္မတထံ ၁၀ ပါတီ တင်ပြ

ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ကို နေပြည်တော် သမ္မတ အိမ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ ဒေသတွင်း လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေးရေး၊ ကျောင်းပညာရေး လိုအပ်ချက် များ ဖြည့် ဆည်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု ပါတီခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။ “ကျနော်တို့ က နိုင်ငံတည်ဆောက်ရေးမှာ တည်ဆောက်ဖေါ် တည်ဆောက်ဖက်အနေနဲ့ အကြံဉာဏ်တွေ ပေးကြဖို့၊ အတူတူ ဝိုင်းလုပ်ကြဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာပါ။

Sunday, July 1, 2012

ခေါင်းဆောင်ကောင်းများ

သီလစမ်းနည်း
လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း အာဏာဒဏ်ကို မခံနိုင်။ လူတစ်ယောက်၏ သီလကို စမ်းသပ်လိုလျှင် အာဏာပေးလိုက်ပါ။
                                                  (အေဘရာဟင် လင်ကွန်း)

ခေါင်းဆောင်ကောင်း ဆိုသည်မှာ
လူတစ်ယောက်ကို လေ့ကျင့်ပေးရန်ထက် ဖြုတ်ပစ်ရန်က ပိုလွယ်သည်။ ခေါင်းဆောင်ကောင်းများသည် လူများကို အလုပ်ဖြုတ်ရာ၌ နာမည်ကျော်သူများ မဟုတ်ကြ။ လူများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာ၌သာ နာမည်ကျော်သူများ ဖြစ်သည်။
                                                  (အမည်မသိ)