Thursday, December 5, 2013

e-government ကောင်းကျိုးနဲ့ ဆိုးကျိုး များ

ကောင်းကျိုးများ 
အချိန်တို လျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကတော့ အခြေခံ အကျဆုံးသော ကောင်းကျိုး တစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာအစိုးရနဲ့ ပြည်သူ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေ ပါ တယ်။ ပြည်သူ့အတွက် အစိုး ရဖြစ်တာကြောင့် အစိုးရအတွက် ပြည်သူ ဆိုတာလဲ လိုအပ်ပါတယ်။ ဒါကြောင့် လူထုအ ဆင်ပြေ ချောမွေ့နေစေရေး လုပ်ငန်းဆောင်တာများဟာ ကောင်းကျိုး ဖြစ်ထွန်းမှုကို ဦးတည်ပါတယ်။ အစိုးရရဲ့ နေ့ စဉ် ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာများကို e-Government ကဏ္ဍမျိုးစုံကနေ တစ်ဆင့် ချိတ်ဆက် ဆောင်ရွက်နေတဲ့ လူထုကြီးကို တိုက်ရိုက်နဲ့ မြန်မြန်ချထား အသိပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပွင့်လင်းတဲ့ ဆက်ဆံရေးဟာ လူထုနဲ့အစိုးရကြားမှာ ကြီးမားတဲ့ ယုံကြည်မှု ကို ဖြစ်ထွန်းစေပါတယ်။ ဒီအပြင်လည်း ဒီလိုဆောင်ရွက်မှုကြောင့် ကမ္ဘာနဲ့ချီတဲ့ အစိုးရသတင်း အချက် အလက် ဖြန့်ဝေရာ ဌာနကြီးအဖြစ်လည်း ဖြစ်နေမှာဖြစ်သလို မိမိတို့အစိုးရ ဘာတွေလုပ်တယ် ဆိုတာ ကို နေရာစုံကနေ အချိန်မရွေး သိရှိနေနိုင်ပြီး ကမ္ဘာအနှံ့က မိမိတို့ နိုင်ငံသားတွေရဲ့ လုပ်ငန်း ဆောင် တာတွေကို အစိုးရက ထိန်းချုပ်ကိုင်တွယ် ဆောင်ရွက်နေခွင့်လည်း ရရှိနေမှာ ဖြစ်ပါတယ်။ အစိုးရ ရဲ့နိုင်ငံရေး ပေါ်လစီများနဲ့ ကတိကဝတ်များအတွက် လက်တွေ့ အကောင်အထည်ဖော်ရာ မှာ ပြည်သူ လူထုရဲ့ ပူပေါင်းပါဝင်မှုကို e-Government လုပ်ငန်းစဉ်များကနေတစ်ဆင့် ထိထိရောက်ရောက် သယ်ဆောင် အကောင်အထည် ဖော်နိုင်ကြပါတယ်။ ဒါကြောင့် ပြည်သူလူထု စိတ်ကျေနပ်မှုကို ပေး စွမ်းနိုင်မှုဟာ အစိုးဝန်ဆောင်မှုများ ဖြစ်တဲ့ e-Government ဆောင်ရွက်ချက်များက အဓိက ကျပါတယ်။ စိတ်ကျေနပ်မှု ပေးနိုင်မှုက တိုင်းပြည်လူထုအနေဖြင့် အစိုးရအပေါ် ပိုမိုအားကိုးအားထား ဆောင်ရွက်နိုင် တယ်လို့ မြင်တာကြောင့် အထူးအကျိုးရှိတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ပြည်သူတစ်ဦးချင်းစီ လွတ်လွတ်လပ်လပ် ပါဝင်နိုင်တဲ့ e-Government လုပ်ငန်းစဉ်တွေက နည်းပညာ တိုးတက်ပြန့်ပွားရေးနဲ့ ပြည်သူလူထု တစ်ဦး ချင်းစီအတွက် အသိပညာ တိုးတက်လာစေရေးအတွက် အထောက်အကူ ပေးနိုင်ပါတယ်။ ဒီဂျစ်တယ် ယဉ်ပါးမှုဟာ e-Government ဆောင်ရွက်ချက်အတွက် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေသလို ပညာရေး ကဏ္ဍအတွက် အခွင့်အလမ်း အသစ်တွေကို ဆောင်ယူလာနိုင်ပါတယ်။ စက္ကူဖြင့် အခြေခံဆောင်ရွက်တဲ့ လုပ်ငန်းစဉ်များ လျော့နည်းသွားခြင်း၊ အချိန်ကုန် သက်သာခြင်း၊ သီးခြားထပ်မံ ကုန်ကျမှုများ၊ လမ်းစရိတ် နှင့် သီးခြား ဝန်ဆောင်ခများ ပေးအပ်ရတဲ့အတွက် ကုန်ကျမှု များ လျော့နည်း သွားခြင်းတို့က e-Government မှ ပေးအပ်တဲ့ ဝန်ဆောင်မှုတွေကို ပိုမိုအသုံးပြုဖို့ စေ့ဆော်ပေးပါတယ်။ ဒီအပြင် စက္ကူအသုံးပြုမှု လျော့နည်း ကျဆင်းသွားတဲ့အတွက် ရုံးလုပ်ငန်းများအတွက် အသုံးစရိတ်များ ကျဆင်းသွားနိုင်ပြီး အကျိုးဆက်အဖြစ် အစိုးရ အသုံးစရိတ်များ လျော့ချရာမှာ ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ချက် တစ်ခုအဖြစ်လည်း လက်ခံလာတာကြောင့် ကမ္ဘာတလွှားမှာ Paperless Office လို့တောင် တင်စား ခေါ်ဝေါ်လာကြပါတယ်။ တချို့နိုင်ငံတွေဆို e-Government လုပ်ငန်းစဉ်တွေကတစ်ဆင့် စီးပွားရေးလုပ်ငန်း ကြော်ငြာများ ထည့်သွင်းခြင်း ကို ဆောင်ရွက်ကြတဲ့အတွက် စားသုံးသူ တိုက်ရိုက်ထိတွေ့ ကြော်ငြာနိုင်တဲ့ ထိရောက်တဲ့ ကြော်ငြာ လမ်းကြောင်း တစ်ခုအဖြစ် အကျိုးရှိရှိ အသုံးပြုနေကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဌာနများကို သီးခြား ဝင်ငွေလမ်းကြောင်းတစ်ခု တိုးလာစေပါတယ်။ ဒီလိုကောင်းကျိုးတွေ အများအပြားက e-Government ဖော်ဆောင်ပြီးတဲ့အခါမှာ ဆက်လက် ထွက်ပေါ်လာနိုင်ပါတယ်။