Wednesday, July 25, 2012

Blog တွင် Address Bar ပြေးနေအောင် ပြုလုပ်ခြင်း(Ko Pyae Phyo)

ကျွန်တော် Blogspot နဲ့ပတ်သတ်တာလေးတွေရေးချင်နေတာကြာပြီဗျာ။ ဒါပေမယ့် မရေးဖြစ်သေးဘူးဖြစ်နေတယ်။ အခုတော့ ကျွန်တော့်ရဲ့ ဆရာလည်းဖြစ် အကိုကြီးလည်းဖြစ်တယ်။ ကိုအေးလွင်ကြီး မေးမှဘဲစရေးဖြစ်တယ်ဗျာ။ နောက်ပိုင်းလည်းသိသလောက်လေးတွေကိုရေးသွားမှာပါ။                      
ကျွန်တော်အခု မျှဝေပေးချင်တာလေးကတော့  Address Bar လေးက ရပ်မနေဘဲသွားနေအောင်ပြုလုပ်
နည်းလေးဘဲဖြစ်ပါတယ်။မိမိရဲ့ Blog မှာ Address Bar လေးရှိပါတယ်။ အဲဒီကောင်လေး
က ပုံမှန်အတိုင်းကတော့ ငြိမ်နေပါတယ်။ ကိုယ်ပိုင် Blog ကိုသူများတွေနဲ့မတူဘဲ ထွင်ချင်သူများအတွက်
တော့ရှယ်ပါဘဲ။ လုပ်ရတဲ့နည်းလမ်းလေးကလည်းလွယ်ပါတယ်။ အောက်ကအတိုင်းလိုက်လုပ်ကြည့်
ပါနော်။


1. Design ထဲကိုဝင်ပါ။
2. Edit HTML ကိုရွေးပေးပါ။
3. Ctrl+F ကိုနှိပ်ပြီးပေါ်လာတဲ့ Box လေးထဲမှာ </head> လေးကိုရှာပါ
4. တွေ့ပြီဆိုရင် </head> ရဲ့ အပေါ်ကနေပြီး အခု ကျွန်တော် အောက်မှာပေးထားတဲ့ Code လေးကို ကူးပြီး
ထည့်ပေးပါ။
5. ပြီးသွားပြီဆိုရင် PREVIEW နဲ့ အရင်ကြည့်ပါ။ Error မတက်ဘူးဆိုရင် Address Bar လေးပြေးနေပြီဆိုရင်
Ok သွားပါပြီ။ Save Template ကို နှိပ်လိုက်ပါ။




<script type='text/javascript'>
var txt="ဤနေရာမှာမိမိရဲ့ဘလော့နာမည်လေးရေးလိုက်ပါ ";
var espera=200;
var refresco=null;
function rotulo_title()
{
document.title=txt;
txt=txt.substring(1,txt.length)+txt.charAt(0); refresco=setTimeout
("rotulo_title()",espera);
}
rotulo_title();
</script>

အားလုံးဘဲအဆင်ပြေကြပါစေဗျာ။

No comments:

Post a Comment