Tuesday, August 7, 2012

ဗိုင်းရပ်စ် ( Virus) ကာကွယ်ခြင်း အစီအမံ

From-  မြန်မာကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့



ဗိုင်းရပ်စ် ကာကွယ်ခြင်းအစီအမံ ၇ ချက်။

ဗိုင်းရပ်စ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို နောက်ဆုံး (latest version) အသုံးပြုသင့်ပါသည်။
အီးမေးလ်နှင့် တွဲဆက်နေသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးပါ။
ဒေါင်းလုတ် လုပ်ထားသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးသင့်ပါသည်။
ကွန်ပျူတာညွှန်ကြားချက်စနစ်များသည် လုံခြုံမှုစနစ်ကို အသုံးပြုသင့်ပါသည်။
Security Patch ကို အသုံးပြုသင့်ပါသည်။
ဗိုင်းရပ်စ်ကူးစက်ခြင်းလက္ခဏာများကို လျစ်လျူမရှု့ သင့်ပါ။
အရေးကြီးသော အချက်အလက်များကို မဖြစ်မနေ backup ပြုလုပ်ပါ။

(၁၀.၈.၂၀၁၂) သောကြာနေ့ Cyber Attack to Myanmar

မွတ်စလင် ဟက်ကာများမှ မြန်မာနိုင်ငံအားCyber Attack ပြုလုပ်မည့်အစီအစဉ်ကို ၁၀.၈.၂၀၁၂ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်း

မြန်မာနိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီ များကို ထောက်ခံသည့် မွတ်စလင် ဟက်ကာများ စုပေါင်းကာမြန်မာနိုင်ငံအား Cyber Attack ပြုလုပ်ရန် Operation Myanmar Hacker Group ဖွဲ့စည်းခဲ့ကြောင်း၊ ဒီလိုတိုက်ခိုက်ရန်အတွက် Hacker ၄၀၀၀ ကျော်ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ရာ မွတ်စလင်  Hacker ၁၀၀၀ ကျော်က   ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။။ တိုက်ခိုက်မှု့ကို  တနင်္လာနေ့  (၆.၈.၂၀၁၂) ရက်နေ့တွင် စတင်တိုက်ခိုက် ရန် ပြင်ဆင်ထားသော်လည်း  ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် (၁၀.၈.၂၀၁၂)  သောကြာနေ့ သို့  ပြောင်းရွှေ့သတ်မှတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းသိရသည်။  တာဝန်ရှိသူတွေ အနေဖြင့် မပေါ့ဆကြရန် နှင့်  မိမိတို့၏ ၀ဘ်ဆိုက်များအား စောင့်ကြည့် ကာကွယ်သွားရန် လိုအပ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန website အဟတ်ခံရ



မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် Website ဖြစ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ Website ကို သြဂုတ်လ ၇ ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် အသုံးပြုသူ များက ဆိုသည်။

ကျွန်တော် နေ့လည်ပိုင်းလောက် ဝင်ကြည့်တာ မရတော့ဘူး။ အဲ့ဒီဆိုက်ကို ခေါ်လိုက်ရင် အမဲရောင် နောက်ခံ စာမျက်နှာနဲ့ အခုလက်ရှိ ဖြစ်နေတဲ့ ပြဿနာ အကြောင်းနဲ့ ပတ်သက်တာကို ရေးထားတယ်ဟု အင်တာနက် အသုံးပြုသူ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

ဘယ်သူတွေဘာဘဲပြောပြော သူတု.ိပြုံးပြီးကြည်.နေကြတယ်ဆိုတာ မမေ.နဲ.

( ကြိုက်လွန်းလို့ mmexpress  က ပြန်ကူးယူဖော်ပြပေးလိုက်ပါတယ်..)
သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာကြသူအသီးသီးဟာ အကျဉ်းကျစဉ်က မတွေ့ရသူ မိဘဆွေမျိုးတွေ ၊ လုပ်ဖေါ်ကိုင်ဘက်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ကြဆုံကြ ၊ ပြောကြဆိုကြနဲ့ မြင်ရ တဲ့ မြင်ကွင်းတွေဟာ ကြည်နူးစရာပါဘဲ ၊ဒီလို တွေ့ကြဆုံကြ ပြောကြဆိုကြရာမှာ အဓိက အကြောင်းအရာ ကတော့ ထောင်ထဲမှာ သူတို့နေခဲ့ရတဲ့အခြေအနေတွေ ၊ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ကို မေးကြမြန်းကြ ပြောကြဆိုကြတာပါဘဲ ၊ ပြောရဆိုရမှာပေါ့လေ... ထောင်ဆိုတာ ပျော်စရာကောင်းတဲ့ အရပ်မှမဟုတ်တာကိုး ... ၊ အပြင်မှာနေတဲ့ သူတွေကလည်း သူတို့မရောက်ဘူတဲ့ထောင်ဆိုတာကြီးဟာ ဘယ်လိုပါလိမ့်ဆိုပြီး သိချင်ကြ ရှာမှာ သဘာဝပါဘဲ ...။

ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက် ဟက်ခံရမှု ပြန်လည် ရရှိ



ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/၀က်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍၀င်ရောက်ကြည့်ရှုမရခဲ့ရာ ယခု ပြန်လည်ရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။