Thursday, July 26, 2012

ပွင့်လင်းမြင်သာမှုအတွက် အီးအိုင်တီအိုင်တွင် မြန်မာပါဝင်မည်

ဂျူးလိယက်နှင့် ဗစ်တိုးရီးယားဘရုစ်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

EITI International SecretariatMr JonasMobergEITI နှင့်ပတ်သက်၍ရှင်းလင်းပြောကြားနေစဉ်။
ဓာတ်ပုံ - ဘူးသီး
        မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ထုတ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံမှရရှိ သည့်ဝင်ငွေအား ပွင့်လင်းမြင်သာစွာ ပြည်သူများကို ထုတ်ပြနိုင်စေရန် ခြေလှမ်းတစ်ရပ်အနေဖြင့် Extractive Industries Transparency Initiative (EITI) ကိုယ်စားလှယ်များနှင့် မြန်မာ နိုင်ငံမှ အကြီးအကဲများတွေ့ ဆုံဆွေးနွေး ခြင်းသည် မျှော်မှန်းထားသည်ထက်သာလွန် ကောင်းမွန်ကြောင်း EITI Interna-tional Secretariat ၏ အကြီး အကဲ Mr Jonas Moberg က ပြောသည်။

www.planet.com.mm တိုက်ခိုက်ခံရ


မြန်မာနိုင်ငံ၏ အင်တာနက်စာမျက်နှာ Webpage လောကတွင် အသုံးဝင်သော တစ်ခုဖြစ်သည့် www.planet.com.mm အား ယမန်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် အမည်မသိ Hacker တစ်စုမှ တိုက်ခိုက် ခဲ့ပါသည်။

 ည ၁၁ နာရီကနေ မနက် ၈ နာရီအထိ တိုက်ခိုက်ခံရတာပါ။ အခုတော့ ပြန်ဖွင့်လို့ ရနေပြီ ဖြစ်ပါတယ်။

တိုက်ခိုက်ပုံမှာ www.planet.com.mm စာမျက်နှာအား ဖွင့်လှစ်မရတော့ဘဲ ၄င်းတို့ဖော်ပြလိုသော HACKED BY AKINCILAR ဟူ၍ ပုံတစ်ပုံတွင် ၄င်းတို့ ကြွေးကြော်စာများနှင့်အတူ ပေါ်နေပြီး KUDUSGUNU.MP3 သီချင်းတစ်ပုဒ်အား MP3 ဖိုင်ဖြင့် Download ပေးထားပါသည်။

Wednesday, July 25, 2012

Blog တွင် Address Bar ပြေးနေအောင် ပြုလုပ်ခြင်း(Ko Pyae Phyo)

ကျွန်တော် Blogspot နဲ့ပတ်သတ်တာလေးတွေရေးချင်နေတာကြာပြီဗျာ။ ဒါပေမယ့် မရေးဖြစ်သေးဘူးဖြစ်နေတယ်။ အခုတော့ ကျွန်တော့်ရဲ့ ဆရာလည်းဖြစ် အကိုကြီးလည်းဖြစ်တယ်။ ကိုအေးလွင်ကြီး မေးမှဘဲစရေးဖြစ်တယ်ဗျာ။ နောက်ပိုင်းလည်းသိသလောက်လေးတွေကိုရေးသွားမှာပါ။                      
ကျွန်တော်အခု မျှဝေပေးချင်တာလေးကတော့  Address Bar လေးက ရပ်မနေဘဲသွားနေအောင်ပြုလုပ်
နည်းလေးဘဲဖြစ်ပါတယ်။မိမိရဲ့ Blog မှာ Address Bar လေးရှိပါတယ်။ အဲဒီကောင်လေး
က ပုံမှန်အတိုင်းကတော့ ငြိမ်နေပါတယ်။ ကိုယ်ပိုင် Blog ကိုသူများတွေနဲ့မတူဘဲ ထွင်ချင်သူများအတွက်
တော့ရှယ်ပါဘဲ။ လုပ်ရတဲ့နည်းလမ်းလေးကလည်းလွယ်ပါတယ်။ အောက်ကအတိုင်းလိုက်လုပ်ကြည့်
ပါနော်။

Blog တွင် နောက်ဆုံး ပိုစ့်များအား Slide Show ပြုလုပ်ခြင်း( By Ko Pyae Phyo)



    ကျွန်တော်ဒီတစ်ခေါက်တော့ Blog နဲ့ဆိုင်တဲ့ HTML Code လေးကို မျှဝေပေး မှာဖြစ်ပါတယ်။ဘာလေးလည်းဆိုတော့ မိမိရဲ့ Blog မှာ နောက်ဆုံးတင်ခဲ့တဲ့ Post တွေကို Slide Show ပုံစံလေးနဲ့ ပြပေးမယ့် Code လေးဘဲဖြစ်ပါတယ်။ ထည့်သွင်းပုံအဆင့်ဆင့်ကို လည်း အောက်မှာသေချာ စွာရေးပေးထားပါတယ်။

Blog မှာ Page Navigation ကို ထည့်သွင်းနည်း(By K၀ Pyae Phyo)

 

                        မိမိရဲ့ Blog မှာ Page Navigation ထည့်သွင်းနည်းလေးကို ကျွန်တော်မျှဝေပေးလိုက်
ပါတယ်ဗျာ။ အောက်မှာလည်း သူနဲ့ပတ်သက်တဲ့Code လေးတွေကိုပေးထားပါတယ်ဗျာ။ ကျွန်တော်ပြထား
တဲ့ပုံစံအတိုင်းလိုက်လုပ်ကြည့်ပါနော်။

အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦးဝင်းမြင့် အဆို ဆွေးနွေးဖို့  ပြည်သူ့လွှတ်တော် သဘောတူ

ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Cleance Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် များ၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့ ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူပါသည်။
 ပြည်သူ့လွှတ်တော်