Thursday, December 5, 2013

e-government ကောင်းကျိုးနဲ့ ဆိုးကျိုး များ

ကောင်းကျိုးများ 
အချိန်တို လျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကတော့ အခြေခံ အကျဆုံးသော ကောင်းကျိုး တစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာအစိုးရနဲ့ ပြည်သူ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေ ပါ တယ်။ ပြည်သူ့အတွက် အစိုး ရဖြစ်တာကြောင့် အစိုးရအတွက် ပြည်သူ ဆိုတာလဲ လိုအပ်ပါတယ်။ ဒါကြောင့် လူထုအ ဆင်ပြေ ချောမွေ့နေစေရေး လုပ်ငန်းဆောင်တာများဟာ ကောင်းကျိုး ဖြစ်ထွန်းမှုကို ဦးတည်ပါတယ်။ အစိုးရရဲ့ နေ့ စဉ် ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာများကို e-Government ကဏ္ဍမျိုးစုံကနေ တစ်ဆင့် ချိတ်ဆက် ဆောင်ရွက်နေတဲ့ လူထုကြီးကို တိုက်ရိုက်နဲ့ မြန်မြန်ချထား အသိပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပွင့်လင်းတဲ့ ဆက်ဆံရေးဟာ လူထုနဲ့အစိုးရကြားမှာ ကြီးမားတဲ့ ယုံကြည်မှု ကို ဖြစ်ထွန်းစေပါတယ်။ ဒီအပြင်လည်း ဒီလိုဆောင်ရွက်မှုကြောင့် ကမ္ဘာနဲ့ချီတဲ့ အစိုးရသတင်း အချက် အလက် ဖြန့်ဝေရာ ဌာနကြီးအဖြစ်လည်း ဖြစ်နေမှာဖြစ်သလို မိမိတို့အစိုးရ ဘာတွေလုပ်တယ် ဆိုတာ ကို နေရာစုံကနေ အချိန်မရွေး သိရှိနေနိုင်ပြီး ကမ္ဘာအနှံ့က မိမိတို့ နိုင်ငံသားတွေရဲ့ လုပ်ငန်း ဆောင် တာတွေကို အစိုးရက ထိန်းချုပ်ကိုင်တွယ် ဆောင်ရွက်နေခွင့်လည်း ရရှိနေမှာ ဖြစ်ပါတယ်။ အစိုးရ ရဲ့နိုင်ငံရေး ပေါ်လစီများနဲ့ ကတိကဝတ်များအတွက် လက်တွေ့ အကောင်အထည်ဖော်ရာ မှာ ပြည်သူ လူထုရဲ့ ပူပေါင်းပါဝင်မှုကို e-Government လုပ်ငန်းစဉ်များကနေတစ်ဆင့် ထိထိရောက်ရောက် သယ်ဆောင် အကောင်အထည် ဖော်နိုင်ကြပါတယ်။ ဒါကြောင့် ပြည်သူလူထု စိတ်ကျေနပ်မှုကို ပေး စွမ်းနိုင်မှုဟာ အစိုးဝန်ဆောင်မှုများ ဖြစ်တဲ့ e-Government ဆောင်ရွက်ချက်များက အဓိက ကျပါတယ်။ စိတ်ကျေနပ်မှု ပေးနိုင်မှုက တိုင်းပြည်လူထုအနေဖြင့် အစိုးရအပေါ် ပိုမိုအားကိုးအားထား ဆောင်ရွက်နိုင် တယ်လို့ မြင်တာကြောင့် အထူးအကျိုးရှိတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ပြည်သူတစ်ဦးချင်းစီ လွတ်လွတ်လပ်လပ် ပါဝင်နိုင်တဲ့ e-Government လုပ်ငန်းစဉ်တွေက နည်းပညာ တိုးတက်ပြန့်ပွားရေးနဲ့ ပြည်သူလူထု တစ်ဦး ချင်းစီအတွက် အသိပညာ တိုးတက်လာစေရေးအတွက် အထောက်အကူ ပေးနိုင်ပါတယ်။ ဒီဂျစ်တယ် ယဉ်ပါးမှုဟာ e-Government ဆောင်ရွက်ချက်အတွက် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေသလို ပညာရေး ကဏ္ဍအတွက် အခွင့်အလမ်း အသစ်တွေကို ဆောင်ယူလာနိုင်ပါတယ်။ စက္ကူဖြင့် အခြေခံဆောင်ရွက်တဲ့ လုပ်ငန်းစဉ်များ လျော့နည်းသွားခြင်း၊ အချိန်ကုန် သက်သာခြင်း၊ သီးခြားထပ်မံ ကုန်ကျမှုများ၊ လမ်းစရိတ် နှင့် သီးခြား ဝန်ဆောင်ခများ ပေးအပ်ရတဲ့အတွက် ကုန်ကျမှု များ လျော့နည်း သွားခြင်းတို့က e-Government မှ ပေးအပ်တဲ့ ဝန်ဆောင်မှုတွေကို ပိုမိုအသုံးပြုဖို့ စေ့ဆော်ပေးပါတယ်။ ဒီအပြင် စက္ကူအသုံးပြုမှု လျော့နည်း ကျဆင်းသွားတဲ့အတွက် ရုံးလုပ်ငန်းများအတွက် အသုံးစရိတ်များ ကျဆင်းသွားနိုင်ပြီး အကျိုးဆက်အဖြစ် အစိုးရ အသုံးစရိတ်များ လျော့ချရာမှာ ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ချက် တစ်ခုအဖြစ်လည်း လက်ခံလာတာကြောင့် ကမ္ဘာတလွှားမှာ Paperless Office လို့တောင် တင်စား ခေါ်ဝေါ်လာကြပါတယ်။ တချို့နိုင်ငံတွေဆို e-Government လုပ်ငန်းစဉ်တွေကတစ်ဆင့် စီးပွားရေးလုပ်ငန်း ကြော်ငြာများ ထည့်သွင်းခြင်း ကို ဆောင်ရွက်ကြတဲ့အတွက် စားသုံးသူ တိုက်ရိုက်ထိတွေ့ ကြော်ငြာနိုင်တဲ့ ထိရောက်တဲ့ ကြော်ငြာ လမ်းကြောင်း တစ်ခုအဖြစ် အကျိုးရှိရှိ အသုံးပြုနေကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဌာနများကို သီးခြား ဝင်ငွေလမ်းကြောင်းတစ်ခု တိုးလာစေပါတယ်။ ဒီလိုကောင်းကျိုးတွေ အများအပြားက e-Government ဖော်ဆောင်ပြီးတဲ့အခါမှာ ဆက်လက် ထွက်ပေါ်လာနိုင်ပါတယ်။

Tuesday, August 7, 2012

ဗိုင်းရပ်စ် ( Virus) ကာကွယ်ခြင်း အစီအမံ

From-  မြန်မာကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့



ဗိုင်းရပ်စ် ကာကွယ်ခြင်းအစီအမံ ၇ ချက်။

ဗိုင်းရပ်စ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို နောက်ဆုံး (latest version) အသုံးပြုသင့်ပါသည်။
အီးမေးလ်နှင့် တွဲဆက်နေသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးပါ။
ဒေါင်းလုတ် လုပ်ထားသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ် စစ်ဆေးသင့်ပါသည်။
ကွန်ပျူတာညွှန်ကြားချက်စနစ်များသည် လုံခြုံမှုစနစ်ကို အသုံးပြုသင့်ပါသည်။
Security Patch ကို အသုံးပြုသင့်ပါသည်။
ဗိုင်းရပ်စ်ကူးစက်ခြင်းလက္ခဏာများကို လျစ်လျူမရှု့ သင့်ပါ။
အရေးကြီးသော အချက်အလက်များကို မဖြစ်မနေ backup ပြုလုပ်ပါ။

(၁၀.၈.၂၀၁၂) သောကြာနေ့ Cyber Attack to Myanmar

မွတ်စလင် ဟက်ကာများမှ မြန်မာနိုင်ငံအားCyber Attack ပြုလုပ်မည့်အစီအစဉ်ကို ၁၀.၈.၂၀၁၂ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်း

မြန်မာနိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီ များကို ထောက်ခံသည့် မွတ်စလင် ဟက်ကာများ စုပေါင်းကာမြန်မာနိုင်ငံအား Cyber Attack ပြုလုပ်ရန် Operation Myanmar Hacker Group ဖွဲ့စည်းခဲ့ကြောင်း၊ ဒီလိုတိုက်ခိုက်ရန်အတွက် Hacker ၄၀၀၀ ကျော်ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ရာ မွတ်စလင်  Hacker ၁၀၀၀ ကျော်က   ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။။ တိုက်ခိုက်မှု့ကို  တနင်္လာနေ့  (၆.၈.၂၀၁၂) ရက်နေ့တွင် စတင်တိုက်ခိုက် ရန် ပြင်ဆင်ထားသော်လည်း  ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် (၁၀.၈.၂၀၁၂)  သောကြာနေ့ သို့  ပြောင်းရွှေ့သတ်မှတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းသိရသည်။  တာဝန်ရှိသူတွေ အနေဖြင့် မပေါ့ဆကြရန် နှင့်  မိမိတို့၏ ၀ဘ်ဆိုက်များအား စောင့်ကြည့် ကာကွယ်သွားရန် လိုအပ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန website အဟတ်ခံရ



မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် Website ဖြစ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ Website ကို သြဂုတ်လ ၇ ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် အသုံးပြုသူ များက ဆိုသည်။

ကျွန်တော် နေ့လည်ပိုင်းလောက် ဝင်ကြည့်တာ မရတော့ဘူး။ အဲ့ဒီဆိုက်ကို ခေါ်လိုက်ရင် အမဲရောင် နောက်ခံ စာမျက်နှာနဲ့ အခုလက်ရှိ ဖြစ်နေတဲ့ ပြဿနာ အကြောင်းနဲ့ ပတ်သက်တာကို ရေးထားတယ်ဟု အင်တာနက် အသုံးပြုသူ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

ဘယ်သူတွေဘာဘဲပြောပြော သူတု.ိပြုံးပြီးကြည်.နေကြတယ်ဆိုတာ မမေ.နဲ.

( ကြိုက်လွန်းလို့ mmexpress  က ပြန်ကူးယူဖော်ပြပေးလိုက်ပါတယ်..)
သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာကြသူအသီးသီးဟာ အကျဉ်းကျစဉ်က မတွေ့ရသူ မိဘဆွေမျိုးတွေ ၊ လုပ်ဖေါ်ကိုင်ဘက်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ကြဆုံကြ ၊ ပြောကြဆိုကြနဲ့ မြင်ရ တဲ့ မြင်ကွင်းတွေဟာ ကြည်နူးစရာပါဘဲ ၊ဒီလို တွေ့ကြဆုံကြ ပြောကြဆိုကြရာမှာ အဓိက အကြောင်းအရာ ကတော့ ထောင်ထဲမှာ သူတို့နေခဲ့ရတဲ့အခြေအနေတွေ ၊ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ကို မေးကြမြန်းကြ ပြောကြဆိုကြတာပါဘဲ ၊ ပြောရဆိုရမှာပေါ့လေ... ထောင်ဆိုတာ ပျော်စရာကောင်းတဲ့ အရပ်မှမဟုတ်တာကိုး ... ၊ အပြင်မှာနေတဲ့ သူတွေကလည်း သူတို့မရောက်ဘူတဲ့ထောင်ဆိုတာကြီးဟာ ဘယ်လိုပါလိမ့်ဆိုပြီး သိချင်ကြ ရှာမှာ သဘာဝပါဘဲ ...။

ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက် ဟက်ခံရမှု ပြန်လည် ရရှိ



ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/၀က်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍၀င်ရောက်ကြည့်ရှုမရခဲ့ရာ ယခု ပြန်လည်ရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Thursday, July 26, 2012

ဒစ်ဂျစ်တယ်မီတာပြောင်းလဲတပ်ဆင်ရေးစီမံချက်ကို စတင်

         ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသုံးပြုလျက်ရှိ သည့် ဒစ်ဂျစ်တယ်လျှပ်စစ်မီတာစနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုရေး အတွက် စတင်သည့် အနေဖြင့် ဇူလိုင်လ ၁၅ ရက် နေ့တွင် နေပြည်တော် လယ်ဝေးမြို့၌ စတင်အသုံးပြု ပြီဖြစ်သည်။
            ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်း စီမံကိန်း၌ တစ်နှစ်လျှင် အလုံးရေ တစ်သိန်းခန့် သုံး စွဲနိုင် ရန် မျှော်မှန်းထားကြောင်း သိရ သည်။ နိုင်ငံတော်ဘဏ္ဍာ ငွေပေါ်မူတည်ပြီး ကျန်ရှိနှစ်များတွင် အလုံးရေ တိုးချဲ့တပ်ဆင်မည်ဖြစ်သည်။

ပွင့်လင်းမြင်သာမှုအတွက် အီးအိုင်တီအိုင်တွင် မြန်မာပါဝင်မည်

ဂျူးလိယက်နှင့် ဗစ်တိုးရီးယားဘရုစ်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

EITI International SecretariatMr JonasMobergEITI နှင့်ပတ်သက်၍ရှင်းလင်းပြောကြားနေစဉ်။
ဓာတ်ပုံ - ဘူးသီး
        မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ထုတ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံမှရရှိ သည့်ဝင်ငွေအား ပွင့်လင်းမြင်သာစွာ ပြည်သူများကို ထုတ်ပြနိုင်စေရန် ခြေလှမ်းတစ်ရပ်အနေဖြင့် Extractive Industries Transparency Initiative (EITI) ကိုယ်စားလှယ်များနှင့် မြန်မာ နိုင်ငံမှ အကြီးအကဲများတွေ့ ဆုံဆွေးနွေး ခြင်းသည် မျှော်မှန်းထားသည်ထက်သာလွန် ကောင်းမွန်ကြောင်း EITI Interna-tional Secretariat ၏ အကြီး အကဲ Mr Jonas Moberg က ပြောသည်။

www.planet.com.mm တိုက်ခိုက်ခံရ


မြန်မာနိုင်ငံ၏ အင်တာနက်စာမျက်နှာ Webpage လောကတွင် အသုံးဝင်သော တစ်ခုဖြစ်သည့် www.planet.com.mm အား ယမန်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် အမည်မသိ Hacker တစ်စုမှ တိုက်ခိုက် ခဲ့ပါသည်။

 ည ၁၁ နာရီကနေ မနက် ၈ နာရီအထိ တိုက်ခိုက်ခံရတာပါ။ အခုတော့ ပြန်ဖွင့်လို့ ရနေပြီ ဖြစ်ပါတယ်။

တိုက်ခိုက်ပုံမှာ www.planet.com.mm စာမျက်နှာအား ဖွင့်လှစ်မရတော့ဘဲ ၄င်းတို့ဖော်ပြလိုသော HACKED BY AKINCILAR ဟူ၍ ပုံတစ်ပုံတွင် ၄င်းတို့ ကြွေးကြော်စာများနှင့်အတူ ပေါ်နေပြီး KUDUSGUNU.MP3 သီချင်းတစ်ပုဒ်အား MP3 ဖိုင်ဖြင့် Download ပေးထားပါသည်။

Wednesday, July 25, 2012

Blog တွင် Address Bar ပြေးနေအောင် ပြုလုပ်ခြင်း(Ko Pyae Phyo)

ကျွန်တော် Blogspot နဲ့ပတ်သတ်တာလေးတွေရေးချင်နေတာကြာပြီဗျာ။ ဒါပေမယ့် မရေးဖြစ်သေးဘူးဖြစ်နေတယ်။ အခုတော့ ကျွန်တော့်ရဲ့ ဆရာလည်းဖြစ် အကိုကြီးလည်းဖြစ်တယ်။ ကိုအေးလွင်ကြီး မေးမှဘဲစရေးဖြစ်တယ်ဗျာ။ နောက်ပိုင်းလည်းသိသလောက်လေးတွေကိုရေးသွားမှာပါ။                      
ကျွန်တော်အခု မျှဝေပေးချင်တာလေးကတော့  Address Bar လေးက ရပ်မနေဘဲသွားနေအောင်ပြုလုပ်
နည်းလေးဘဲဖြစ်ပါတယ်။မိမိရဲ့ Blog မှာ Address Bar လေးရှိပါတယ်။ အဲဒီကောင်လေး
က ပုံမှန်အတိုင်းကတော့ ငြိမ်နေပါတယ်။ ကိုယ်ပိုင် Blog ကိုသူများတွေနဲ့မတူဘဲ ထွင်ချင်သူများအတွက်
တော့ရှယ်ပါဘဲ။ လုပ်ရတဲ့နည်းလမ်းလေးကလည်းလွယ်ပါတယ်။ အောက်ကအတိုင်းလိုက်လုပ်ကြည့်
ပါနော်။

Blog တွင် နောက်ဆုံး ပိုစ့်များအား Slide Show ပြုလုပ်ခြင်း( By Ko Pyae Phyo)



    ကျွန်တော်ဒီတစ်ခေါက်တော့ Blog နဲ့ဆိုင်တဲ့ HTML Code လေးကို မျှဝေပေး မှာဖြစ်ပါတယ်။ဘာလေးလည်းဆိုတော့ မိမိရဲ့ Blog မှာ နောက်ဆုံးတင်ခဲ့တဲ့ Post တွေကို Slide Show ပုံစံလေးနဲ့ ပြပေးမယ့် Code လေးဘဲဖြစ်ပါတယ်။ ထည့်သွင်းပုံအဆင့်ဆင့်ကို လည်း အောက်မှာသေချာ စွာရေးပေးထားပါတယ်။

Blog မှာ Page Navigation ကို ထည့်သွင်းနည်း(By K၀ Pyae Phyo)

 

                        မိမိရဲ့ Blog မှာ Page Navigation ထည့်သွင်းနည်းလေးကို ကျွန်တော်မျှဝေပေးလိုက်
ပါတယ်ဗျာ။ အောက်မှာလည်း သူနဲ့ပတ်သက်တဲ့Code လေးတွေကိုပေးထားပါတယ်ဗျာ။ ကျွန်တော်ပြထား
တဲ့ပုံစံအတိုင်းလိုက်လုပ်ကြည့်ပါနော်။

အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦးဝင်းမြင့် အဆို ဆွေးနွေးဖို့  ပြည်သူ့လွှတ်တော် သဘောတူ

ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Cleance Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် များ၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့ ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူပါသည်။
 ပြည်သူ့လွှတ်တော်

Tuesday, July 24, 2012

မြန်မာ Mp3 , သီချင်းများ ရှာဖွေရန်

www.myanmarmp3.net
ဖလက်ရှ် ဘမ်း
www.innwa.com
www.ayinepan.com
ပန်းစကား

Internet မှ အလုပ်လျှောက်ထားရန်

http://www.myanmar-workers.com/
http://www.asianjobbus.com/
http://www.ngoinmyanmar.org/
http://www.myanmarhotjobs.com/
http://www.searchnut.com/

နည်းပညာ Website များ

ဇော်ဂျီ
သံလုံငယ်
Bloggershelpdesk
mmwordpress
Knowledge is Free
မောင်လူအေး
ကျော်စိုး၏နည်းပညာရပ်ဝန်း
မောင်လှ

ကျန်းမာရေးဆိုဒ်များ


www.mentalhelp.net
www.healthy.net

ဘောလုံးဝါသနာရှင်များအတွက်

www.livescore.com
www.asianbookie.com
www.fifa.com
www.uefa.com

English Learning Center

www.voaspecialenglish.com
www.englishclub.com
www.webenglishteacher.com
www.learnenglish.org.uk

Web Learning Websites

www.w3schools.com
www.w3.org
www.webmonkey.com